အမေးများသောမေးခွန်းများ (FAQs)


ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းဆိုတာဘာလဲ။ (What is the Constitution Academy? 

ဤဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းသည် အွန်လိုင်းအထူးသင်တန်းပုံစံဖြစ်ပြီး သင်ယူသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပုံစံဒီဇိုင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးလုပ်ငန်းစဉ်နှစ်ရပ်လုံး၏ အရေးပါသော အခြေခံသဘောတရားများ နှင့် နှိုင်းယှဉ်လေ့လာသည့် နည်းစနစ်တို့ကို မိတ်ဆက်သင်ကြားမည် ဖြစ်ပါသည်။

ဤသင်တန်းသည် ဖင်လန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဇင်ဘတ် ထောက်ပံ့ကူညီရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ဆွီဒင်နိုင်ငံတို့၏ ပံ့ပိုးကူညီမှုဖြင့်  ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော International IDEA ၏ MyConstitution မှစီစဉ်ပို့ချသည့်အထင်ကရ လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ယခုဤသင်တန်းကို ဖင်လန်နိုင်ငံ၊ လူဇင်ဘတ်နှင့် နော်ဝေးနိုင်ငံတို့မှထောက်ပံ့သည့် Building Federal Democracy in Myanmar အစီအစဉ်သစ် (၂၀၂၃-၂၀၂၄) မှတဆင့် ဆက်လက်အကောင်အထည်ဖော်လျှက်ရှိပါသည်။ 

The Constitution Academy is an intensive online course aimed at giving participants an introduction to key constitutional principles and comparative practice related to constitutional design and constitution-building processes.

The Myanmar Constitution Academy is a flagship initiative of the MyConstitution Programme, run by International IDEA from 2018 to 2022, with support from the Ministry of Foreign Affairs of Finland, the Luxemboug Aid and Development, the Ministry of Foreign Affairs of Norway, and Sweden. This course is now implemented through the new Building Federal Democracy in Myanmar programme (2023-2024), funded by Finland, Luxemboug and Norway. 

လူငယ်ဒီမိုကရေစီအကယ်ဒမီဆိုတာဘာလဲ။ (What is the Myanmar’s Youth Democracy Academy?) 

International IDEA မှ စီစဥ်ဆောင်ရွက်သော မြန်မာလူငယ်ဒီမိုကရေစီအကယ်ဒမီသည် ဒီမိုကရေစီနှင့်စပ်လျဥ်းသည့် အခြေခံဗဟုသုတများကို ကိုယ်တိုင်လေ့လာသင်ယူနိုင်သည့် အခမဲ့အွန်လိုင်းသင်တန်းဖြစ်ပါသည်။ ဤသင်တန်းသည် မြန်မာနိုင်ငံမှ ပြည်သူများ အထူးသဖြင့် လူငယ်များအနေဖြင့် မိမိတို့နိုင်ငံအတွင်း ဒီမိုကရေစီခိုင်မာအားကောင်းစေရန် ထိရောက်စွာ ပံ့ပိုးကူညီမှုနှင့် ပါဝင်ဆောင်ရွက်မှုတွင် လိုအပ်သော ပြည်သူ့ရေးရာဗဟုသုတနှင့် ကျွမ်းကျင်မှုများကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပါသည်။

International IDEA’s Myanmar Youth Democracy Academy is a free online self-guided training course that offers fundamental knowledge of democracy. The course is designed to ensure that the public and particularly young people from Myanmar are equipped with the civic knowledge and skills needed to effectively participate in, and contribute to, the consolidation and strengthening of democracy in the country.

ဤ TalentLMS ပလက်ဖောင်းကို အသုံးပြုမှုလမ်းညွှန် (How to navigate the TalentLMS platform?)

ဤသင်တန်းကိုရယူရန်အတွက် သင့်အနေဖြင့် ပထမဦးစွာ Talent LMS platform တွင် အကောင့်ဖွင့်ရန်လိုအပ်ပါသည်။ အကောင့်ဖွင့်ရန်အတွက် အောက်ပါအဆင့်များကိုလုပ်ဆောင်သွားပါ။

၁။ https://apmyanmar.lms.idea.int/index ကိုနှိပ်ပါ

၂။ ‘Get this course (သင်တန်းတက်ရောက်ရန်)’ ကိုနှိပ်ပါ

၃။ ‘ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်း (Myanmar Constitution Academy)’ ကိုနှိပ်ပါ

၄။ ‘get this course’ ကိုနှိပ်ပါ။ Login နှင့် Signup ပေါ်လာပါလိမ့်မည်။ 

၅။ ‘Signup’ ကိုနှိပ်၍ လိုအပ်သောအကွက်များ (ပထမအမည်၊ နောက်ဆုံးအမည်၊ အီးမေးလ်လိပ်စာ၊ အသုံးပြုသူအမည်၊ လျို့ဝှက်နံပါတ်) ကိုဖြည့်ပြီး ‘Create account’ ကိုနှိပ်ပါ။

၆။ သင့်အီးမေးလ်တွင် လင့်ခ်ပါဝင်သော အလိုအလျောက်အီးမေးလ်တစ်စောင်ရောက်ရှိနေမည်ဖြစ်ပြီး သင့် အကောင့်ကိုအတည်ပြုရန်အတွက် ၄င်းလင့်ခ်ကိုနှိပ်ပါ။ ဤသို့နှိပ်ပြီးပါက သင့်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းအတက်ရောက်ရန် အဆင်သင့်ဖြစ်နေပါပြီ။

ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းကိုစတင်ရန်အတွက်

၁။ https://apmyanmar.lms.idea.int/index ကိုနှိပ်ပါ

၂။ အပေါ်ညာဖက်အစွန်ဆုံးရှိ ‘LOGIN’ ကိုနှိပ်၍ သင်အကောင့်ဖွင့်စဉ်ထည့်သွင်းခဲ့သော သင်၏အသုံးပြုသူအမည် (သို့) အီးမေးလ်လိပ်စာ နှင့် လျို့ဝှက်နံပါတ်တို့ထည့်သွင်းပြီး ‘Login’ ကိုနှိပ်ပါ။

၃။ ပင်မစာမျက်နှာပေါ်တွင် ‘get your first course’ ကိုနှိပ်ပါ။

၄။ မိမိလေ့လာလိုသောသင်တန်းကိုနှိပ်ပါ

၄။ ‘get this course’ ကိုနှိပ်ပြီး ‘start course သို့မဟုတ် resume course’ ကိုနှိပ်ပါ။

ဤသင်တန်းကိုပြီးဆုံးအောင်တက်ရောက်ရန်အတွက် သင်ယူသူအနေဖြင့် အခန်းအားလုံးရှိသင်ခန်းစာအားလုံးနှင့်ဉာဏ်စမ်းမေးခွန်းများအားလုံးကို ပြီးမြောက်ရန်လိုအပ်သည်။ နောက်သင်ခန်းစာများကို သင်ယူရန်အတွက် သင်ခန်းစာတစ်ခုချင်းစီပြီးနောက် အောက်ခြေရှိ ‘complete and constinue’ ကိုနှိပ်ပါ။

 ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းကို သင်အဆင်ပြေသည့်အစီအစဉ်နှင့်တက်ရောက်သွားနိုင်ပါသည်။ သင်ယူတိုးတက်မှုအခြေအနေများသည် အလိုအလျောက်သိမ်းဆည်းသွားမည်ဖြစ်သည်။ သင်တန်းကို ပြန်လည်စတင်ရန်အတွက် ဤ platform လင့်ခ်သို့သွားပြီး LOGIN ကိုနှိပ်၍ဝင်ရောက်ပြီး သင်နောက်ဆုံးပြီးဆုံးခဲ့သော သင်ခန်းစာမှ ဆက်လက်သင်ယူပါ။

To  access  the online course, you first need to sign up on the talent LMS platform. To do that, follow the steps below:

1. click on the following link: https://apmyanmar.lms.idea.int/index

2. click on ‘Get this course (သင်တန်းတက်ရောက်ရန်)’

3. click a course that you want to learn

4.  click on ‘get this course’

5. click on ‘Signup’ and fill in the different tabs (first name, last name, email address, username, password) and then click on ‘Create account’

6. Go to your mailbox. You will receive an automatic email with a hyperlink. Click on the hyperlink to confirm your talentLMS user account. You are now ready to start the Myanmar Constitution Academy online course

To start the Myanmar Constitution Academy online course:

1. go on the following link https://apmyanmar.lms.idea.int/index

2. click on ‘LOGIN’ on the top right of the page, type your username or email and password, and then click on login.

3. On the homepage, click on ‘get your first course’ button.

4. click on ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်း (Myanmar Constitution Academy)

5. click on ‘get this course’ and then on ‘start course’

To complete the Myanmar Constitution Academy online course, learners need to complete all modules, listen to all recorded presentations, and pass all quizzes. After finishing one unit, click ‘complete and continue’ at the bottom of the page to move to the next unit.

You can go through the Myanmar Constitution Academy online course at your own pace. Progress made on the course is saved automatically. To resume the course, you can just log in again on the platform and resume the course where you stopped.

ဖုန်းနဲ့ရောသင်ယူလို့ရလား။ (Can I get access this course with mobile device?)

ဟုတ်ကဲ့။ ဤသင်တန်းအား လက်ကိုင်ဖုန်းဖြင့်လည်းသင်ယူနိုင်ပါသည်။ လက်ကိုင်ဖုန်းဖြင့် သင်ယူရန်အတွက် 

၁။ Playstore (android အသုံးပြုသူများအတွက်) သို့မဟုတ် App Store တွင် TalentLMS ဆိုသည့် app ကို အခမဲ့ဒေါင်းလုတ်ယူပါ။ 

၂။ ၄င်း App ကိုဖွင့်ပြီး Server ဆိုသည့်အကွက်တွင် apmyanmar.lms.idea.int ကိုရိုက်ထည့်ပြီး Next ကိုနှိပ်ပါ။ 

၃။ ပြီးနောက် Username or email နှင့် Password တွင် မိမိအကောင့်ဖွင့်စဉ်က အသုံးပြုခဲ့သော username သို့မဟုတ် email နှင့် လျို့ဝှက်နံပါတ်ကိုထည့်သွင်းပြီး SIGN IN နှိပ်၍ သင်ယူနိုင်ပါသည်။ (လက်ကိုင်ဖုန်းဖြင့်အသုံးပြုပါက အင်တာနက်မရှိသည့်အချိန်သင်ယူလေ့လာရန်အတွက် သင်ခန်းစာများကိုဒေါင်းလုတ်လုပ်ထားနိုင်ပါသည်။)

Yes, you can learn this course with a mobile device. You get access with the mobile device;

1. download the talentLMS app on playstore (for android users) or apple store (for iphone users)

2. Open the App and then add ‘apmyanmar.lms.idea.int’ in the server box, then click NEXT

3. Then, fill your username or email and password in the boxes and click SIGN IN and start learning. 

(If you learn through mobile device, you can download the course contents that you can learn offline.)

သင်တန်း၏ ဘယ်လိုမျိုးပုံစံလဲ။ (What is the structure of the course?)

သင်တန်းတွင် မတူညီသောခေါင်းစဉ်များဖြင့် သင်ခန်းစာများစွာပါဝင်ပါသည်။ သင်ခန်းစာ အခန်းတစ်ခန်းစီတွင် ကြိုတင်ပြုစုထားသော သင်ခန်းစာပို့ချချက်ဗီဒီယိုများ၊ ဉာဏ်စမ်းမေးခွန်းများနှင့်အခြားဖတ်ရှုရန်စာရွက်စာတမ်းများကို ထည့်သွင်းထားသည်။ သင်ခန်းစာပို့ချက်ချက်များနှင့်အခြားဖတ်ရှုရန်စာရွက်စာတမ်းများကို 'complete and continue' နှိပ်၍ ကျော်သွားနိုင်ပေမယ့် နောက်သင်ခန်းစားများကို ရယူရန်နိုင်ရန်အတွက် ဉာဏ်စမ်းမေးခွန်းများကိုတော့ မှန်ကန်စွာဖြေဆိုအောင်မြင်ရမည်။ သင်တန်း၏ ပါဝင်သောအကြောင်းအရာများကို 'course' တွင်နှိပ်၍ ကြည့်ရှုနိုင်ပြီး အကြောင်းအရာများအားလုံးကို အင်္ဂလိပ်နှင့်မြန်မာဘာသာနှစ်မျိုးစလုံးဖြင့် ပြုစုထားပါသည်။ 

There are multiple units in the courses with different themes. Each module is composed of pre-recorded video lectures, quizzes, and additional reading materials. Although you can click 'complete and continue' to proceed with lectures and reading, you must pass all the quizzes to be able to proceed next units. You can check the contents of the course by clicking the 'Course' and all contents are available in both English and Myanmar languages. 

သင်တန်းပြီးဆုံးလက်မှတ်ရမှာလား။ (Will I get a certificate?)

ဟုတ်ကဲ့ - သင်တန်းအကြောင်းအရာအားလုံးနှင့်ဉာဏ်စမ်းမေးခွန်းများအားလုံးဖြေဆိုအောင်မြင်ပြီးပါက သင်တန်းပြီးဆုံးလက်မှတ် ချီးမြှင့်ပါသည်။ (Yes, you will be awarded a certificate after you complete all the course contents and quizzes.)

ဤသင်တန်းသည် အခမဲ့ လား ဒါမှမဟုတ် သင်တန်းကြေး ပေးဖို့လိုပါသလား။ (Is this course free or paid?) 

ဤသင်တန်းသည် အခမဲ့ ဖြစ်ပါသည်။ (It is completely FREE.)

တခြားသိချင်တာရှိရင် ဘယ်လိုဆက်သွားရမလဲ။ (How can I reach you if I have other questions?) 

s.mai@idea.int သို့အီးမေးလ်မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါတယ်။ (Please reach us by sending an email through s.mai@idea.int)