Programmatic → Constitution Academy

ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်း (Myanmar Constitution Academy)


Description
ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းသည် ဖင်လန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဇင်ဘတ် ထောက်ပံ့ကူညီရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ နော်ဝေးနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ဆွီဒင်နိုင်ငံတို့၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၈ မှ ၂၀၂၂ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော International IDEA ၏ MyConstitution မှစီစဉ်ပို့ချခဲ့သည့် အထင်ကရ လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ယခုဤသင်တန်းကို ဖင်လန်နိုင်ငံမှထောက်ပံ့သည့် Building Federal Democracy in Myanmar အစီအစဉ်သစ် (၂၀၂၃ - ၂၀၂၄) မှ တဆင့် ဆက်လက်အကောင်အထည်ဖော်လျှက်ရှိပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းသည် ဒီမိုကရေစီစနစ်ကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ဆိုင်ရာ အင်တိုက်အားတိုက်ကြိုးပမ်းအားထုတ်ရန်လိုအပ်သော အွန်လိုင်းသင်တန်းတစ်ခုဖြစ်ပါသည်။ ဤသင်တန်းသည် သင်ယူသူများကို ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဒီဇိုင်းများနှင့်ပတ်သက်သော အဓိကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံမူများနှင့်နှိုင်းယှဉ်လေ့လာသည့် နည်းစနစ်တို့ကို မိတ်ဆက်သင်ကြားပေးရန် ရည်ရွယ်သည်။ ဤသင်တန်းတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ နှိုင်းယှဉ်လေ့လာမှု၊ ပေါ်ပေါ်က်လာပုံ သမိုင်းကြောင်းနှင့် ပြုစုရေးဆွဲမှုဆိုင်ရာ ပညာရပ်နယ်ပယ်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ အထင်ကရ မြန်မာ့အရေး ကျွမ်းကျင်ပညာရှင်များ၏ အသိပညာများကို ပေါင်းစပ်ထည့်သွင်းထားပါသည်။ ဤသင်တန်းတွင် ပဋိပက္ခ၊ ပဋိပက္ခလွန် သို့မဟုတ် အသွင်ကူးပြောင်းမှု အခင်းအကျင်းများတွင်သာမက မတူကွဲပြားပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း၏ အခန်းကဏ္ဍကို အလေးပေးထားပြီး မြန်မာနိုင်ငံအခြေအနေနှင့် တိုက်ရိုက်ဆက်စပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အရေးကိစ္စများကို ထည့်သွင်းထားသည်။
သင်တန်းသားများသည် စုစည်းတင်ပြထားသော ပို့ချချက်များနှင့် ဖတ်စာများကို ကိုယ်တိုင်လေ့လာသင်ယူခြင်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုံစံဒီဇိုင်းနှင့်စပ်လျဉ်းသော အဓိက ချဉ်းကပ်နည်းများနှင့် အယူအဆများကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်သွားမည် ဖြစ်ပါသည်။
အကြောင်းအရာများ
ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းကို အခန်း (၆) ခန်းဖြင့် ဖွဲ့စည်းထားသည်။
အခန်း ၁ - ဒီမိုကရေစီစနစ်ကိုအခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ အခြေခံအချက်များ
အခန်း ၂ - အခြေခံကျသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီဇိုင်းရွေးချယ်မှုများ
အခန်း ၃ - ကြားကာလ အုပ်ချုပ်စီမံမှုအစီအမံများ
အခန်း ၄ - ဖက်ဒရယ်စနစ်
အခန်း ၅ - လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး
အခန်း ၆ - အခွင့်အရေးများနှင့်တရားစီရင်ရေး
ကိုယ်တိုင်လေ့လာသင်ယူရမည့် အခန်းတစ်ခုချင်းစီတွင် ပြည်ပမှကျွမ်းကျင်ပညာရှင်များ၏ ကြိုတင်ရိုက်ကူး ထားသော ဗီဒိယိုတင်ပြချက်များ၊ အဓိကအယူအဆများကို နားလည်မှုရှိ၊မရှိ စစ်ဆေးမည့် ဉာဏ်စမ်းမေးခွန်းများနှင့် ဆန္ဒအလျောက် လေ့လာနိုင်သည့် စာအုပ်စာတမ်းများ ပါဝင်ပါသည်။ တင်ပြချက်များ၊ စာအုပ်စာတမ်းများအားလုံးကို အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးလုံးဖြင့် ရယူကြည့်ရှုနိုင်ပါသည်။
အခန်းတစ်ခုစီကို ပြီးဆုံးရန်အတွက် (ဆန္ဒအလျောက်ဖတ်ရှုလေ့လာနိုင်သည့် စာရွက်စာတမ်းများဖတ်ရှုချိန် မပါလျှင်) ခန့်မှန်းကြာချိန် ၅ နာရီခန့်ဖြစ်ပါသည်။ အခန်းအားလုံးကို ပြီးဆုံးပြီး ဉာဏ်စမ်းမေးခွန်းများအားလုံးကို ဖြေဆိုအောင်မြင်သော သင်ယူသူများသည် သင်တန်းပြီးဆုံးအောင်လက်မှတ်ကို ရရှိပါမည်။

The Myanmar Constitution Academy is a flagship initiative of the MyConstitution Programme, run by International IDEA from 2018 - 2022, with support from the Ministry of Foreign Affairs of Finland, the Luxembourg Aid and Development, the Ministry of Foreign Affairs of Norway, and Sweden. This course is now implemented through the new Building Federal Democracy in Myanmar programme (2023 - 2024), funded by Finland.
The Constitution Academy is an intensive online course on the fundamentals of democratic constitutionalism. The course is aimed at giving participants an introduction to key constitutional principles and comparative practice in terms of both constitution building processes and constitutional design. The course integrates the expertise of leading international experts in the fields of comparative constitutional law, and the history and development of constitutional law in Myanmar. The course focuses on the role of constitution-building in conflict and post-conflict or transitional settings, and in diverse or multi-ethnic countries, and covers constitutional issues directly relevant to the Myanmar context.
Through self-guided learning, participants will gain a sophisticated appreciation for the core approaches to, and concepts of, constitutional design with curated lectures and readings.
The Constitution Academy is structured in six thematic modules:
Module 1: The fundamentals of democratic constitutions
Module 2: Fundamental constitutional design choices
Module 3: Interim governance arrangements
Module 4: Federalism
Module 5: Security sector reform
Module 6: Rights and the judiciary
Each self-guided module consists of pre-recorded video presentations from international experts, optional background reading materials, and quizzes to test participants’ understanding of key concepts. All materials are available in both Burmese and English languages.
The estimated time to complete each module is five hours (not including optional background readings). Participants who go through all modules and pass all quizzes will receive a certificate of completion.
Content
  • သင်တန်းအကြောင်း (About the course)
  • သင်ရိုးညွှန်းတမ်းအကျဉ်း (Overview of curriculum)
  • MODULE 1: THE FUNDAMENTALS OF DEMOCRATIC CONSTITUTIONS
  • 1. မိတ်ဆက်နိဒါန်း (Introduction)
  • 1.1 ဒီမိုကရေစီ၏ မရှိမဖြစ်လိုအပ်သော အခြေခံအချက်များ
  • 1.1 The essential elements of democracy
  • 1.2a ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာအဘယ်နည်း (What is a Constitution?)
  • 1.2.b ဖွဲ့စည်းပုံအခြေခံဥပဒေဘာကြောင့် အရေးပါလဲ။ (Why do constitutions matter?)
  • 1.2.c ဖွဲ့စည်းပုံအခြေခံဥပဒေများကိုမည်သို့ရေးဆွဲသလဲ။(How are constitutions made?)
  • 1.3 ဖွဲ့စည်းပုံအခြေခံဥပဒေ၏အခြေခံအချက်များ
  • 1.3 The fundamentals of constitutions
  • ဉာဏ်စမ်းမေးခွန်း ၁ (Quiz 1)
  • 1.4 ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပဋိပက္ခလျော့ချရေး ကိရိယာများအဖြစ်အသုံးပြုခြင်း
  • 1.4 Constitutions as conflict mitigation tools
  • ဉာဏ်စမ်းမေးခွန်း ၂ (Quiz 2)
  • အခြားလေ့လာဖတ်ရှုရန်စာရွက်စာတမ်းများ (Additional materials)
  • MODULE 2: FUNDAMENTAL CONSTITUTIONAL DESIGN CHOICES
  • 2. မိတ်ဆက်နိဒါန်း (Introduction)
  • 2.1 အစိုးရစနစ်များ၏ အခြေခံသဘောတရား နှင့် အယူအဆများ
  • 2.1 Foundations and concepts for systems of government
  • ဉာဏ်စမ်းမေးခွန်း ၃ (Quiz 3)
  • 2.2 ဖွဲ့စည်းပုံအခြေခံဥပဒေအဖွဲ့အစည်းဆိုင်ရာဒီဇိုင်းရွေးချယ်မှုနှင့်အစိုးရစနစ်များ
  • 2.2 Institutional design choices: systems of government
  • ဉာဏ်စမ်းမေးခွန်း ၄ (Quiz 4)
  • 2.3 ဥပဒေပြုလွှတ်တော်များနှင့်ရွေးကောက်ပွဲစနစ်များ
  • 2.3 Institutional design choices: legislatures and electoral systems
  • ဉာဏ်စမ်းမေးခွန်း ၅ (Quiz 5)
  • အခြားလေ့လာဖတ်ရှုရန်စာရွက်စာတမ်းများ (Additional materials) (clone)
  • MODULE 3: INTERIM GOVERNANCE ARRANGEMENTS (ကြားကာလအုပ်ချုပ်မှုအစီအမံများ)
  • 3. မိတ်ဆက်နိဒါန်း (Introduction)
  • 3.1 ကြားဖြတ်အုပ်ချုပ်စီမံမှုအစီအမံများ
  • 3.1 Interim governance arrangements
  • ဉာဏ်စမ်းမေးခွန်း ၆ (Quiz 6)
  • 3.2 မြန်မာနိုင်ငံရှိဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှင့် ကြားကာလအုပ်ချုပ်မှုအစီအမံများ
  • 3.2 The Federal Democracy Charter and interim governance arrangements Myanmar
  • 3.3 အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေများ
  • 3.3: Transitional Constitutions
  • အခြားလေ့လာဖတ်ရှုရန်စာရွက်စာတမ်းများ (Additional materials)
  • MODULE 4: Introduction to Federalism (ဖက်ဒရယ်စနစ်မိတ်ဆက်)
  • 4. မိတ်ဆက်နိဒါန်း (Introduction)
  • 4.1.a ဖက်ဒရယ်စနစ်၏ အခြေခံမူများနှင့် အင်္ဂါရပ်များ
  • 4.1.a Principles and features of federalism
  • 4.1.b ဖက်ဒရယ်စနစ် အလုပ်လုပ်ပုံ
  • 4.1.b Mechanics of federalism
  • ဉာဏ်စမ်းမေးခွန်း ၇ (Quiz 7)
  • 4.2 ဖက်ဒရယ်စနစ်နှင့် လူမျိုးများစွာ ယှဉ်တွဲနေထိုင်ရာ လူမှုအဖွဲ့အစည်းများ
  • 4.2 Federalism and pluri-national societies
  • 4.3 ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်လုပ်ပိုင်ခွင့်အတိုင်းအတာ
  • 4.3 Sub-State constitutions and constitutional space
  • ဉာဏ်စမ်းမေးခွန်း ၈ (Quiz 8)
  • 4.4. နီပေါဖက်ဒရယ်စနစ်ကူးပြောင်းမှုလုပ်ငန်းစဉ် (Federalization process in Nepal)
  • 4.5 ဖက်ဒရယ်နိုင်ငံများရှိအထက်လွှတ်တော်များ
  • 4.5 Second Chambers in Federations
  • အခြားလေ့လာဖတ်ရှုရန်စာရွက်စာတမ်းများ (Additional materials)
  • MODULE 5: SECURITY SECTOR REFORM (လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး)
  • 5 မိတ်ဆက်နိဒါန်း (Introduction)
  • 5.1 ဖွဲ့စည်းပုံအခြေခံဥပဒေ အကူးအပြောင်းများအတွင်း လုံခြုံရေးကဏ္ဍပြောင်းလဲမှု
  • 5.1 Security sector reform in constitutional transitions
  • ဉာဏ်စမ်းမေးခွန်း ၉ (Quiz 9)
  • 5.2 DDR SSRနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကိုရှေ့နောက်စီစဉ်ခြင်း
  • 5.2 Sequencing DDR, SSR and constitutional reform
  • ဉာဏ်စမ်းမေးခွန်း ၁၀ (Quiz 10)
  • အခြားလေ့လာဖတ်ရှုရန်စာရွက်စာတမ်းများ (Additional materials)
  • MODULE 6: Rights and the Judiciary (အခွင့်အရေးများနှင့်တရားစီရင်ရေး)
  • 6. မိတ်ဆက်နိဒါန်း (Introduction)
  • 6.1ဖွဲ့စည်းပုံအခြေခံဥပဒေ၌အခွင့်အရေးများပေါင်းစပ်ထည့်သွင်းခြင်းနှင့်အာမခံပေးခြင်း
  • 6.1 Integrating and ensuring rights in a constitution
  • ဉာဏ်စမ်းမေးခွန်း ၁၁ (Quiz 11)
  • 6.2 တရားစီရင်ရေးနှင့် တာဝန်ယူမှု တာဝန်ခံမှုမိတ်ဆက်
  • 6.2 Introduction to the judiciary and judicial accountability
  • ဉာဏ်စမ်းမေးခွန်း ၁၂ (Quiz 12)
  • 6.3 ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်မှု
  • 6.3 Constitutional review
  • ဉာဏ်စမ်းမေးခွန်း ၁၃ (Quiz 13)
  • အခြားလေ့လာဖတ်ရှုရန်စာရွက်စာတမ်းများ (Additional materials)
  • တုံ့ပြန်ချက်ပုံစံ (FEEDBACK FORM)
  • တုံ့ပြန်ချက်ပုံစံ (Feedback Form)
Completion rules
  • All units must be completed
  • Leads to a certificate with a duration: Forever